ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းပါစေ
ခြေချင်းဝတ်တွေ ရောင်ရမ်းမယ်၊ ၅ မိနစ် တစ်ကြိမ်လောက်ရအိမ်ကို ပြေးနေရမယ်၊ အိပ်တဲ့အခါ ဘယ်လိုနေနေ အိပ်ရတာ သက်တောင့်သက်သာ မရှိဘူး။ ဟုတ်ပါတယ်။ ဒါကကိုယ်ဝန်ဆောင်နေရတာကြောင့်ပါ။ ဒီလို ခံစားရတာနဲ့အတူ စိတ်ဖိစီးမှုလည်း ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာက နေရထိုင်ရတာကိုတင် မသက်မသာဖြစ်စေတာ မဟုတ်ပါဘူး။ ကလေး နဲ့ မိခင်ကိုပါ မကျန်းမမာဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေကို ခံစားရနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်စို့နော် မေမေတို့
- ကိုယ်လက်မအီမသာဖြစ်တာ (ဥပမာ - မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ဆးခဏခဏ သွားတာ၊ ရောင်ရမ်းတာ၊ ခါးနာတာ၊ အော့အန်တာတွေပါ)
- ဟော်မုန်းပြောင်းလဲမှုကြောင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရတာ
- မွေးဖွားရမှာကို ကြောက်ရွံ့တာ
- မိဘဖြစ်ရမှာကို စိုးထိတ်တာ
- ကလေးလေး မကျန်းမာမှာကို စိုးရိမ်တာ
- ကိုယ်ဝန်ဆောင်ချိန် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ
- ငွေကြေး အခက်အခဲတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ဖိစီးတာတွေ ဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးနေတာလား?
ကိုယ်ဝန်ဆောင်နေသည် ဖြစ်စေ၊ ကိုယ်ဝန်မဆောင်နေသည် ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် စိတ်ဖိစီးမှုတွေကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးနေပြီဆိုရင်
- ကိုယ်တွင်းမှာ cortisol၊ epinephrine နဲ့norepinephrine ပမာဏတွေ မြင့်တက်နေတာ
- နှလုံးခုန် မြန်တာ
- ခေါင်းကိုက်တာ
- ခါးနာတာ
- ဗိုက်အောင့်တာ
- အာရုံစူးစိုက်ရခက်တာ
- သွားကြိတ်တာ
- ခြေကုန်လက်ပမ်းကျလွယ်တာ
- အိပ်ပျော်ဖို့ ခက်တာ
- အစားစားချင်စိတ် မရှိတာ
- အစားတွေ အလွန်အကျွံ စားတာ
- စိုးရိမ်လွယ်တာ
- ဒေါသဖြစ်တာ လွယ်တာ
- စိတ်ဝင်စားမှုလျော့နည်းလာတာ
- တစ်ယောက်တည်းဆိုရင် ကြောက်နေတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးပြီဆိုရင်
ကိုယ်ဝန်ဆောင်ကာလမှာ နေ့စဉ်ရက်ဆက် တစ်ရက်မပြတ် စိတ်ဖိစီးနေတာက ကိုယ်ဝန်ဆောင်မိခင်ကိုရော ဗိုက်ထဲက ရင်သွေးလေးကိုပါ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခဏတာ စိတ်ဖိစီးတာက ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး စိတ်ဖိစီးမယ်ဆိုရင်တော့ အခုလို ပြဿနာတွေ ရှိနိုင်ပါတယ်။
- ကိုယ်ဝန်ပျက်ကျတ.
- လမစေ့ဘဲ မွေဖွားတာ
- ပေါင်မပြည့်ဘဲ မွေးဖွားတာ
- ဖွံ့ဖြိုးမှု နှေးတာ
- လမစေ့၊ ပေါင်မပြည့်ဘဲ မွေးဖွားတာကြောင့် ကလေးမှာ ကျန်းမာရေးပြဿနာ ခံစားရတာတွေ ရှိနိုင်ပါတယ်။
- နာတာရှည် စိတ်ဖိစီးတာက ကိုယ်ဝန်ဆောင် မေမေတွေမှာ
- သွေးတိုးတာ
- ကိုယ်ဝန်ဆောင်ဆီးချို
- နှလုံးရောဂါ
- စိတ်ကျရောဂါ စတာတွေကို ခံစားရနိုင်ပါတယ်။
- စိတ်ဖိစီးမှု ခံစားရတဲ့ အတိုင်းအတာ နဲ့ ကြာချိန်ကို လိုက်ပြီး ခံစားရတဲ့ အကျိုးဆက်တွေက ကွာခြားနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်